Thursday, December 13, 2018

ငါးခူငါးပိကောင်ကြော်


ငါးခူငါးပိကောင်ကြော်ပြုလုပ်ရန်အတွက်ငါးပိကောင်အရင်ပြုလုပ်ရပါမယ်။ငါးခူကိုရေဆေးသန့်စင်ပြီးဆားများများဖြင့်ထည့်ပြီးတညသိပ်ထားပါ။ဒုတိယရက်တွင်ငါးခူငါးပိကောင်ကြော်ရန်အသင့်ဖြစ်ပါပြီ။မိမိလိုသလောက်သာရေဆေးအသုံးပြုကာကျန်ငါးပိကောင်များကိုရေစစ်ပြီးရေခဲသေတ္တာတွင်သိမ်းဆည်းထားနိုင်ပါတယ်။

ပါဝင်ပစ္စည်း

********

ငါးခူငါးပိကောင် - ၃ကောင်

ကြက်သွန်နီ - ၂၀၀ ဂရမ်

ကြက်သွန်ဖြူ  - ဆယ်မြောင်း

ငရုပ်သီးမှုန့်(အကြမ်းမှုန့်) - ၃ဇွန်း စားပွဲဇွန်း

ဆီ - ကြော်ရန်

ပြင်ဆင်ပြုလုပ်ပုံ

***********

1.ကြက်သွန်နီကြက်သွန်ဖြူကို အခွံသင်ပြီးရေေ ဆးသန့်စင်ကာပါးပါးစိတ်ထားပါ။အထူအပါးညီေ အာင္စိတ္ပါ။(ကြော်ပြီးသားအသုံးပြုနိုင်ပါတယ် )

2.ငါးခူငါးပိကောင်ကိုရေဆေးသန့်စင်ပြီးအကွင်းလှီးဖြတ်ထားပါ။

3.အားလုံးအဆင်သင့်ဖြစ်ပါကဆီအိုးတည်ထားပါ။

4.ဆီပူလျှင်ကြက်သွန်နီစိတ်ထားသည်ကိုထည့်ကြော်ပါကြက်သွန်မြုတ်ရုံခန့်ဆီထည့်ထားဖို့လိုပါတယ်။

5.အဆက်မပျက်မွေပေးပြီးအရောင်အနည်းငယ်ဝါရောင်သမ်းလာပါကဆယ်ယူရန်အသင့်ပြုလုပ်ပြီးမီးပိတ်ထားပြီးဆယ်ယူဆီစစ်ကာဘမ်းထဲတွင်ဖြန့်ထည့်ထားပါ။(အပူရှိန်ဖြင့်အတွင်းဘက်တွင်ကြွမ်းတတ်သည်)

6.ပြီးလျှင်ကြက်သွန်ဖြူကိုလည်းထိုနည်းအတူပင်ကြော်ပြီးဆယ်ယူဆီစစ်ထားပါ။

7.အားလုံးကြော်ပြီးပါကအိုးထဲမှဆီကိုအနည်းငယ်ဖယ်ထုတ်ပြီးငါးပိကောင်လှီးဖြတ်ထားသည်ကိုထည့်ကြော်ပါ။

8.ငါးပိကောင်ကြွပ်ပြီးအနံ့မွေးလာပါကငရုပ်သီးအ ကြမ်းမှုန့်ထည့်မွေပေးပါ။

9.ပြီးလျှင်မီးပိတ်ကာအသင့်ကြော်ထားသောကြက်သွန်နီကြက်သွန်ဖြူတို့ကိုထည့်ပြီးသမအောင်မွေပေးပါကငါးခူငါးပိကောင်ကြော်ကိုသုံးဆောင်ရန်အသင့်ဖြစ်ပါပြီ။

10.ကြော်ထားသောငါးပိကောင်ကြော်ကိုအအေးခံပြီးလေလုံသောဘူး၊ပုလင်းတို့ဖြင့်ထည့်ကာကြာရှ ည်သိမ်းပြီးသုံးဆောင်နိုင်ပါပြီ။

..........

Sofia

No comments:

Post a Comment