Thursday, December 13, 2018

ရွှေဖရုံသီးပုဇွန်အုန်းနို့ဟင်း

ပါဝင်ပစ္စည်း

******

အုန်းနို့ - တစ်ခွက် (၂၅၀ ml)

ကြက်ပြုတ်ရည် - နှစ်ခွက်

စပါးလင် - တစ်ချောင်း

ပဒဲကော - ၅ပြား

ငရုပ်ကောင်းစေ့ - ၅စေ့

ရှောက်ခါးရွက် - ၃ရွက်

ပုဇွန်ခြောက် - အနည်းငယ်

ပုဇွန် - ၅ကောင်

ရွှေဖရုံသီး - ၃၀၀ ဂရမ်

ကြက်သွန်နီ သေးသေး - တစ်လုံး

ကြက်သွန်ဖြူ - နှစ်မြောင်း

ငရုပ်သီး - ၂တောင့်

ငံပြာရည် - ၂ဇွန်း စားပွဲတင်ဇွန်း

သကြား - ၁ဇွန်း

သံပုရာသီး - တစ်ခြမ်း

နံနံပင် - အနည်းငယ်

ပြင်ဆင်ချက်ပြုတ်နည်း

************

(၁)အိုးတခုတွင်ကြက်ပြုတ်ရည်သို့ရိုးရိုးရေကိုကြက်သားမှုန်ထည့်ပြီးတည်ပါ။

(၂)ကြက်သွန်နီသေးသေးစိပ်၊ကြက်သွန်ဖြူရိုက်ပြား၊ပဒဲကောပါးပါးလှီး၊ရှောက်ရွက်၊ပုဇွန်ခြောက်၊စပါးလင်ထုပြီးထုံးထားသည်တို့ကိုထည့်ပါ။ငရုပ်ကောင်းကိုလုံးခြမ်းကွဲထောင်းထည့်ပါ။

(၃)ဖရုံသီးကိုအခွံသင်ပြီးအတုံးသေးသေးတုံးထည့်ပြီးရွှေဖရုံသီးနူးသည်ထိတည်ပေးပါ။

(၄)ရွှေဖရုံသီးနူးပါကအုန်းနို့ထည့်ပါ။အရသာသကြားနှင့်ငံပြာရည်

ဖြည့်စွက်ပါ။ပြန်လည်ဆူပွက်လာပါကနောက်ဆုံးမှပုဇွန်နှင့်သံပုရာရည်ထည့်ပြီးအရသာအပေါ့အငန်မြည်းကာငရုပ်သီးစိမ်းနံနံပင်အုပ်ကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။ အရသာမှာတုံရမ်းအရသာလိုချိုချဉ်စပ်မွေးလေးပါရှင် ။

No comments:

Post a Comment