Thursday, December 13, 2018

ငါးအုံး ❆ ငါးဖက်ထုပ်ကင်


ဇာတိမြေရှမ်းပြည်ကိုအလည်ပြန်ရင်းကိုယ်မသိသေးတဲ့ဒေသစာလေးတွေကို ဆိုဖီယာ့ အန်တီလေးဆီကနေသင်ယူဖြစ်ခဲ့တာလေးတွေပါ။ရှမ်းရိုးရာအစားအစာငါးအုံးလို့လူသိများ တဲ့ငါးကိုဟင်းခပ်ရွက်အစုံဖြင့်စပ်ရှိန်းရှိန်းအရ သာနှပ်ထားပြီးငှက်ပျောဖက်ဖြင့်ထုပ်ကာကျက်အောင်မီးအုံးထားသောသင်းပျံ့မွေးကြိုင်တဲ့ငါး ဖက်ထုပ်မီးကင်လေးဘဲဖြစ်ပါတယ်။လုပ်စား ကြည့်ရအောင်နော်။

ပါဝင်ပစ္စည်း

*********

ငါးကြင်းဖြူ (သို့)နှစ်သက်ရာငါး - ငါးဆယ်သား

ကြက်သွန်နီ - ၂လုံး

ကြက်သွန်ဖြူ  - လက်တစ်ဆုပ်

ငရုတ်သီးစိမ်း - လက်တစ်ဆုပ်

ခရမ်းချဉ်သီး -၂လုံး

နံနံပင် - တစ်စည်း

ပင်စိမ်းရွက် - ၂စည်း

ဖက်ဖယ်ရွက် - ၂စည်း

ရှမ်းနံနံ - ၂စည်း

ကြက်သွန်မိတ် - တစ်စည်း

ကျိုချိုက် - ၂စည်း

ဆား -တစ်ဇွန်း စားပွဲဇွန်း

သံပုရာသီး - တစ်ခြမ်း

ရှမ်းပဲပုတ် - ၃ချပ်

ဟွားကျောက် (ဇီချွမ်းငရုပ်ကောင်း) -၁ဇွန်း

ငှက်ပျောဖက်

ပြင်ဆင်ပြုလုပ်နည်း

**************

(၁)ဦးစွာငါးကိုရေဆေးသန့်စင်ပြီးဆားနှင့်သံပုရာသီးညစ်ကာသမအောင်နှယ်ပြီးနှပ်ထားပါ။

(၂)ကြက်သွန်နီ၊ကြက်သွန်ဖြူ၊ခရမ်းချဉ်သီး၊ငရုတ်သီးစိမ်းတို့ကိုသေးသေးစိတ်ထည့်ပါ။

(၃)ကျန်ပါဝင်သောအရွက်များအားလုံးကိုလည်းရေဆေးသန့်စင်ကာသေးသေးစိတ်ထည့်ပါ။

(၄)ရှမ်းပဲပုတ်ကိုမီးကင်ပြီးထောင်းထည့်ပါ။ဟွားကျောက်ကိုလှော်ပြီးအမှုန့်ထောင်းထည့်ပါ။ဆားအနည်းငယ်ထည့်ပြီးသမအောင်နှယ်ပြီးနှပ်ထားပါ။

(၅)ငှက်ပျောဖက်ကိုရေဆေးသန့်စင်ပြီးငါးနှင့်အရွက်တို့ကိုသမအောင်ထည့်ပြီးထုပ်ထားပါ။

(၆)အိုးအပြန့်တခုတွင်ဆီအနည်းငယ်လူးပြီး ထုပ်ထားသောငါးများကိုမှောက်လျက်အနေဖြင့်ထည့်ပြီးအဖုံးအုပ်ကာအပေါ်မီးအောက်မီးအေးအေးဖြင့်အုံးထား ပါ။

(၇)၁၅မိနစ်တခါတဖက်သို့လှန်ပေးပါ။ထွက်လာသောရေများခန်းပြီးအနှံ့မွေးလာပါကဖယ်ထုတ်ပြီးမီးပြန်ကင်ပေးကာသင်းပျံမွေးကြိုင်ပြီးစပ်ရှိန်းရှိန်းအရသာငါးအုံးကိုတည်ခင်းသုံးဆောင်နိုင်ပါပြီ။

***

ဒယ်အိုးဖြင့်မအုံးဘဲပေါင်းအိုးဖြင့်ထည့်ပြီးကျက်သည်ထိပေါင်းကာ မီးပြန်ကင်၍လည်းရပါ သည်။

Sofia

No comments:

Post a Comment