Thursday, December 13, 2018

နံရိုးကင်


BBQ Beef Short Ribs

နံရိုးကင်ကိုပုံစံအမျိုးမျိုးအရသာအမျိုးမျိုးကင်ပြီးသုံးဆောင်နိုင်ပါတယ်။အခုပြုလုပ်ထားတာကတော့ယိုး ဒယားဟင်းစပ်ပစ္စည်းများနှင့်ပြုလုပ်ထားတဲ့နံရိုးကင်ဖြစ်ပါတယ်။ဘယ်လိုအရသာမျိုးနဲ့ကင်ထားသ ည့်အကင်ဖြစ်ပါစေသင်းပျံမွေးကြိုင်နေတဲ့အကင်ကိုတော့မြင်သူအပေါင်းစားချင်အောင်စွဲဆောင်မြဲဘဲဖြစ်ပါတယ်။နံရိုးကင်ကိုမိမိနှစ်သက်ရာနံရိုးအစားထိုးအသုံးပြုနိုင်ပါတယ်။ကင်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်း

********

အမဲ/ဆိတ်နံရိုး - ၅၀၀ ဂရမ်

ဆီ - နှစ်ဇွန်း စားပွဲဇွန်း

ကိုကာကိုလာ - ၅ဇွန်း

ငရုပ်ကောင်းမှုန့် - အနည်းငယ်

ပဲငံပြာရည် (အမဲ) - နှစ်ဇွန်း

ယိုးဒယားငံပြာရည် - တစ်ဇွန်း

စပါးလင် - တစ်ချောင်း

ကြက်သွန်ဖြူ - တစ်မြောင်း

သကြားညို - တစ်ဇွန်း

ဆော့ပြုလုပ်ရန်

***********

ကြက်သွန်ဖြူ -၃မြောင်း

ငရုတ်သီးစိမ်း - ၅တောင့်

နံနံပင် - ၃ပင်

သကြား - လ္ဘက်ဇွန်း တဝက်

ဟင်းခပ်မှုန့် - ဇွန်းတဝက်

ငံပြာရည် - ၂ဇွန်း စားပွဲဇွန်း

သံပုရာရည် - နှစ်ဇွန်း

ပြင်ဆင်ပြုလုပ်ပုံ

************

1.နံရိုးကင်ပြုလုပ်ရန်ဦးစွာရေဆေးသန့်စင်ပြီးရေစစ်ထားသောနံရိုးကိုဇလုံတခုတွင်ထည့်ပါ။

2.စပါးလင်ကိုထုပြီးအရင်းပိုင်းကိုဖြတ်ထည့်ပါ။ကြက်သွန်ဖြူသေးသေးစိတ်ထည့်ပါ။

3.ကိုကာကိုလာနှင့်ပဲငံပြာရည်ငံပြာရည်သကြားငရုပ်ကောင်းနှင့်ဆီတို့ကိုထည့်ပြီးသမအောင်မွေပေးကာအလုံပိတ်ပလပ်စတစ်အိတ်တွင်ထည့်ပြီးရေခဲသေတ္တာတွင်တညထည့်ပြီးနှပ်ထားပါ။

4.အသင့်ဖြစ်ပါကovenကို၂၀၀ဒီဂရီဖာရီဟိုက်အပူပေးထားပါ။

5.ဘမ်းတခုတွင်အလူမီနီယံစက္ကူခင်းပြီးအရသာနယ်ထားသောနံရိုးတို့ကိုအသားကိုအပေါ်ဖက်ထားပြီးခင်းထည့်ပါ။အပေါ်မှအလူမီးနီယံတထပ်အုပ်ပြီး တနာရီမှတနာရီခွဲခန့်ထိကင်ပေးပါ။

6.အချိန်စေ့ပါကထုတ်ယူပြီးအသားနူးမနူးသိစေရန်ခက်ရင်းဖြင့်ထိုးကြည့်ပါ။အသားနူးအိပါကအပေါ် အလူမီနီယံဖယ်ပြီးဆယ်မိနစ်ခန့်အရောင်ရအောင်ထပ်ကင်ပေးပြီးပါကချဉ်ငံစပ်ဆော့စ်နှင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။

7.ချဉ်ငံစပ်ဆောစ်ပြုလုပ်ရန်ကြက်သွန်ဖြူငရုတ်သီးစိမ်းနံနံပင်တို့ကိုသေးသေးစိတ်ကာငံပြာရည်သံပုရာရည်ဟင်းခပ်မှုန့်သကြားထည့်ပြီးအရသာအပေါ့အငံမြည်းကာတွဲဖက်တည်ခင်းနိုင်ပါပြီ။

❀ကိုကာကိုလာကိုအသားနူးရန်အသုံးပြုထားခြင်းဖြစ်ပါတယ်အခြားအသားကိုနူးညံ့စေမည့်အရာများဖြင့်လည်းအစားထိုးနိုင်ပါတယ်။

.........

Sofia

No comments:

Post a Comment