Tuesday, December 11, 2018

ကြက်သားဟင်း

Chicken Curry


ကြက်သားဟင်းချက်နည်းပုံစံအများကြီးထဲကနေမြန်မာဆီပြန်ဟင်း ချက်နည်းအတိုင်းချက်ထားတာလေးပါ။အုန်းထ္မင်းနဲ့လိုက်ဖက် သလိုပုံမှန်ကြက်သားဟင်းတခွက်အဖြစ်လည်းတည်ခင်းနိုင်တဲ့ ကြက်သားဆီပြန်ဟင်းလေးဖြစ်ပါတယ်။ချက်ကြည့်ရအောင်နော်။

ပါဝင်ပစ္စည်း

*******

ကြက်- တစ်ကီလို

ကြက်သွန်နီ - ၂၀၀ ဂရမ်

င၇ုပ်သီးခြောက်အပွ - ၁၅တောင့်

နနွင်း- အနည်းငယ်

ဂျင်းကြက်သွန်ဖြူထောင်း - တစ်ဇွန်း စားပွဲတင်

ဆား -လိုသလောက်

ဟင်းခပ်မှုန့် - တစ်ဇွန်း

ဆီ - ၁၅၀ ဂ၇မ်

နံနံပင် - အနည်းငယ်

ပြင်ဆင်ချက်ပြုတ်နည်း

*************

(၁)ကြက်သားကို ဆေးကြောသန့်စင်ပြီးလိုသလိုလှီးဖြတ်ထားပါ။

(၂)ဇလုံတခုတွင်ထည့်ပြီးဆားနှင့်ဟင်းခပ်မှုန်ထည့်ပြီးသမအောင်နယ်ထားပါ။

(၃)ကြက်သွန်နီကိုထောင်းထားသို့မဟုတ်ကြိတ်ထားပါ။င၇ုပ်သီးခြောက်ကိုေ၇စိမ်အစေ့ထုတ်ပြီးဂျင်းကြက်သွန်ဖြူနှင့်ေ၇ာထောင်းထားပါ။

(၄)အားလုံးအဆင်သင့်ဖြစ်ပါကချက်မည့်ဒယ်အိုးတွင်ဆီထည့်ပြီးနနွင်းအနည်းငယ်ဖြင့်ကြက်သွန်ကြိတ်ထားသည် ကိုဆီသပ်ပါ။

(၅)ကြက်သွန်အေ၇ာင်၇ပါကင၇ုပ်သီးဂျင်းကြက်သွန်ဖြူထောင်းထားသည်ကိုထည့်ကြော်ပါ။

(၆)ဆီသပ်နံ့မွေးပြီးအေ၇ာင်တက်လာပါကနှပ်ထားသည့်ကြက်သားကိုထည့်ပြီးကြော်ပါ။

(၇)ကြက်သားမှထွက်လာသောလုံးရည်များကုန်သည်ထိအိုးမကပ်အောင်အဆက်မပျက်မွေပေးပါ။

(၈)ကြက်သားလုံးရည်ကုန်ပါကကြက်သားအနေအထားကိုကြည့်ပြီးရေအနည်းငယ်ဆီထည့်ပေးကာဆီပြန်အသားနူးသည်ထိအဖုံး အုပ်ကာ တည်ပေးပါ။

(၉)ကြက်သားနူးပြီးဆီပြန်လာကပါကအရသာအပေါ့အငံမြည်းကာနံနံပင်အုပ်ပြီးတည်ခင်သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment