Thursday, December 13, 2018

ယိုးဒယားကြက်ကင်


ပါဝင်ပစ္စည်း

******

ကြက်တကောင် ရှစ်ဆယ်သားခန့် - လေးစိတ်

Food color လိမ္မော်ရောင် - အနည်းငယ်

ယိုးဒယားပဲငံပြာရည် - လေးဇွန်း စားပွဲတင်ဇွန်း

ခရုဆီ - လေးဇွန်း

ငရုပ်ကောင်း  - တစ်ဇွန်း လ္ဘက်ဇွန်း

ယိုးဒယားကြက်ဖဆော့ - ပုလင်းသေးတလုံး

ပြင်ဆင်ပြုလုပ်နည်း

**********

(၁) ဦးစွာ ကြက်ကို လေးစိတ် စိတ်ပြီးရေဆေးသန့်စင်ပါ။

ရင်ဘုံအသားကိုနှစ်ခြမ်းဖြန့်ပါ ။ပေါင်ကို လည်းအတွင်းဘက် အရိုးနား ကနေကပ်ပြီးဓားရာပေးပါ ။အရသာဝင်အောင်ခွဲ ပေးတဲ့ သဘောပါ

(၂)ပြီးလျှင်အရောင်ထည့်ပြီးနှံ့ အောင်နှယ်ပါ။အရောင်အနေ ထားသင့် တော်ပြီဆိုလျှင် အခြားပါဝင်ပစ္စည်းအားလုံးထည့်ပြီးသမအောင်မွေပြီး ၃နာရီခန့် နှပ်ထားပါ ။

(၃)မီးဖိုတွင် ဒယ်အိုးတလုံးဖြင့် ဆီအနည်းငယ်ထည့်ပြီး ကြက်သားနှင့် ဆော့များကို ထည့်ပြီးကြော်ပါ။ဆော့ပျစ်ပြီးခမ်းလာပြီဆိုလျှင် ကြက်က တဝက်ကျက် အနေ ထားရပါပြီ။

(၄)ကြက်များကိုမီးကင်မည့်ညှပ်တွင်ညှပ်ပြီးမီးအေးဖြင့်ဟိုဘက်ဒီဘက်လှန်ကင်ပါ။အသားကို အချွန်တခုဖြင့် ထိုးကြည့်ပါကထွက်လာသောအရည်ကြည် နေပါကကျက်ပါပြီ။ အကျက်လွန်လျှင်ခြောက်သွားသဖြင့်အရသာပေါ့ပါတယ်။ ခု ကင်ထားတာကတော့Ovenမှာ၂၀၀ဒီဂရီနဲ့၁၅မိနစ်ခန့်ကင်ထားခြင်းဖြစ်ပါတယ်။ဆော့များကိုကြက်ပေါ်တွင်လူးပေးပြီးဟိုဘက်ဒီဘက်လှန်ပေးရပါတယ်။ အရောင်လှလာလျှင် ကြက်သား ကျက်မကျက်ကြည့်ပြီးသုံးဆောင်နိုင်ပါပြီ။

တွဲဖက်ဆော့အတွက်ပါဝင်ပစ္စည်း

*****************

မန်ကျည်မှည့်

ထန်းလျက်

ဆား

ငရုပ်သီးမှုန့်

ဆန်လှော်မှန့်

ရှမ်းနံနံ

မန်ကျည်းမှည့်ရေ စိမ် အစေ့ထုတ်ပြီးထန်းလျက်ဖြင့်ရောကျိုပါ။ ပျစ်လာပြီဆိုလျှင် ဆားငရုပ်သီးမှုန့်ထည့်ပြီးအရသာမြည်းက မီးဖိုမှချ ပြီးအအေးခံထားပါ ။အေးပြီဆိုလျှင်ရှမ်းနံနံပါးပါးလှီးထည့်ဆန်လှော် မှုန့်အနည်းငယ် ဖြူးကာအရသာချိုချဉ်ဖြင့် ကြက်ကင်နှင့်တွဲ ဖက် သုံးဆောင်နိုင်ပါပြီ ။ ။

No comments:

Post a Comment