Thursday, December 13, 2018

အသားဆီစိမ်


ဆိတ်သားအမဲသားတို့ကိုတာရှည်အထားခံဖို့အတွက်ဆီစိမ်ပြုလုပ်ပြီးသိမ်းထားလေ့ရှိပါတယ်။ဆီစိမ်အသားကိုတော့အတုံးကြီးကြီးပြုလုပ်ထားပြီးဟင်းအဖြစ်ပြန်ချက်စားနိုင်သလိုထမင်းဖြူလေးဆီ စမ်းဆားဖြူးကာအသားဆီစိမ်လေးနဲ့တွဲဖက်စားနိုင်ပါတယ်။အဝေးရောက်နေသူများအတွက်လည်း အလွယ်တကူစားလို့ရအောင်ပြင်ဆင်ထည့်ပေးနိုင်လို့လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်း

********

ဆိတ်သား/အမဲသား - ၂ကီလို

ဆား - တစ်ဇွန်း စားပွဲဇွန်း

ဂျင်း - တစ်တက်

ဟင်းခပ်မှုန့် - အနည်းငယ် (optional)

ဆီ - လိုသလောက်

ပြင်ဆင်ပြုလုပ်ပုံ

***********

1.အကြောမပါသောဆိတ်သားသို့မဟုတ်အမဲသားနုနုကိုအတုံးကြီးကြီးတုံးကာရေဆေးသန့်စင်ပြီးရေစစ်ထားပါ။

2.ရေစစ်ပါကဆားဟင်းခပ်မှုန့်နှင့်ဂျင်းပါးပါးလှီးထားသည်ကိုထည့်ပြီးသမအောင်နယ်ပြီးတနာရီခန့်နှပ်ထားပါ။

3.ပြီးလျှင်အိုးတခုတွင်ထည့်ပြီးမီးဖိုပေါ်တည်ပါ(ရေမထည့်ပါ)အသားမှထွက်လာသောရေကိုခမ်းအောင်တည်ပေးပြီးဆီထည့်ကာမီးအေးအေးဖြင့်နီရောင်သမ်းလာသည်ထိကြော်ပေးပါ။

4.နီရောင်သမ်းလာပါကမီးပိတ်အအေးခံကာပုလင်းသို့မဟုတ်ဘူးတွင်ဆီမြုတ်အောင်ထည့်ပြီးသိမ်းဆည်းထားနိုင်ပါပြီ။

5.ဆီစိမ်အသားကိုနှစ်ပတ်တကြိမ်ခန့်ထုတ်ပြီးအပူပြန်ပေးကာအအေးခံသိမ်းဆည်းပါ။

❀အဝေးသို့ယူသွားလိုပါကဆီမထည့်ဘဲယူသွားကာဆီကိုသီးသန့်ချက်ပြီးအသားကိုစိမ်ထားပေးနိုင်ပါတယ်။

..........

Sofia

No comments:

Post a Comment