Tuesday, December 11, 2018

ဆော်လမွန်ခရမ်းချဉ်သီးအစပ်ချက်


 Salmon Fillet Braised in Spicy Tomato Sauce

ဆော်လမွန်ငါးကိုအနောက်တိုင်းပုံစံချက်ထားတာလေးပါ။ဒီငါးဟင်းလေး ကတော့ပေါင်မုန့်နဲ့တွဲဖက်စားနိုင်သလိုထမ င်းဖြူနဲ့လည်းတွဲဖက်သုံးဆောင်နိုင်ပါတယ်။

ပါဝင်ပစ္စည်း

********

ဆော်လမွန်ငါး - ၅၀၀ ဂရမ်

ကြက်သွန်နီ - တစ်လုံးသေးသေးစိတ်

ကြက်သွန်ဖြူ - ၂မြောင်းသေးသေးစိတ်

ခရမ်းချဉ်သီးဆော့စ် - တစ်ပန်းကန်

(Spicy Tomato Sauce )

နံနံပင် - အနည်းငယ်

ငရုပ်သီး - ၃တောင့် လိုအပ်ပါက

သံလွင်ဆီ - ၃ဇွန်း

ခရမ်းချဉ်သီးဆော့စ်ချက်ရန်***

ခရမ်းချဉ်သီး - ငါးလုံး

ကြက်သွန်နီ - အသေးတလုံး

ကြက်သွန်ဖြူ - ၂မြောင်း

သံလွင်ဆီ - ၂ဇွန်း

ငရုပ်သီးမှုန့် - တစ်ဇွန်း

ခရမ်းချဉ်သီးအနှစ်သို့မဟုတ်ငရုပ်သီးမှုန့် - တစ်ဇွန်း

Oregano သို့Basil - အနည်းငယ်

ဆား - လိုသလောက်

ခရမ်းချဉ်သီးဆော့စ်ချက်နည်း***

(၁)ခရမ်းချဉ်သီးကိုရေနွေးဖျောအခွံသင်အစေ့ထုတ်ကာသေးသေးစိတ်ထားပါ။Ready made များလည်းသုံးနိုင်ပါတယ်။

(၂)အိုးထဲတွင်သံလွင်ဆီထည့်ပြီးကြက်သွန်သေးသေးစိတ်၊ကြက်သွန်ဖြူသေးသေးစိတ်ဆီသပ်ပါ။ခရမ်းချဉ်သီးအနှစ်သို့မဟုတ်အရောင်တင်မှုန့်ထည့်ပါ။

(၃)သေးသေးစိတ်ထားသောခရမ်းချဉ်သီးသို့မဟုတ်readymade ကိုထည့်ပြီးကြေအောင်ချက်ပါ။ဆားထည့်ပါ။အားလုံးကြေပါကအပေါ့အငံမြည်းပြီးoregano သို့ basil ကိုသေးသေးစိတ်ထည့်ပြီးအအေးခံထားကာသိမ်းဆည်းထား နိုင်သည်။(Pasta ဖြင့်လည်းတွဲဖက်စားနိုင်ပါတယ်)

ဆော်လမွန်ငါးဟင်းချက်နည်း

********************

(၁)ငါးကိုလိုသလိုအတုံးတုံးထားပါ။

(၂)အိုးတခုတွင်သံလွင်ဆီဖြင့်ကြက်သွန်နီ၊ကြက်သွန်ဖြူဆီသပ်ပါ။ချက်ထားသောခရမ်းချဉ်သီးဆော့စ်ထည့်ပါ။

(၃)ဆူပွက်ပါကဆော်လမွန်ငါးကိုထည့်ပါ။၅မိနစ်ခန့်အဖုံးအုပ်ချက်ပြီးအပေါ့အငံမြည်းပါ။လိုအပ်ပါကဆားနှင့်ငရုပ်သီးထပ်ထည့်ပေးပါ။

(၄)ချခါနည်းတွင်နံနံပင်သေးသေးစိတ်ထည့်ပြီးပေါင်မုန့်ဖြင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။

No comments:

Post a Comment