Tuesday, December 11, 2018

ကြက်​သားမွရခိုင်​သုပ်

ကြက်​ပေါင်​၂​ချောင်းကို 

ဆား၊ ဟင်းခတ်​မှုန့်​နှင့်​ စပါးလင်​သို့မဟုတ်​ဂျင်း

ရိုက်​ပြားထည့်​၍ ကျက်​သည်​အထိပြုတ်​ပါ။

ပြီးရင်​အ​အေးခံ၍ အသားများကို မွှာထားပါ။

ကြက်​သွန်​ဖြူ၊ ငရုတ်​သီးစိမ်းအနည်းငယ်​ကို​လှော်​ပါ။

ငပိစိမ်းစားလက်​တဆစ်​စာကို မီးကင်​၍ 

ငရုတ်​သီးစိမ်း၊ ကြက်​သွန်​ဖြူ တို့ဖြင့်​​ရော​ထောင်းပါ။

ကြက်​သွန်​နီ၊ နံနံပင်​လှီးထားပါ။ 

ကြက်​သားမွထဲသို့ ငပိငရုတ်​သီး​ထောင်း၊

ကြက်​သွန်​နီ၊နံနံပင်​၊ ငံပြာရည်​၊ အချို မှုန့်​၊ 

သံပုရာရည်​ညှစ်​ထည့်​၍ သုပ်​ပါ။

ကျွန်​မက​တော့ ရွှဲရွှဲ​လေးဖြစ်​​အောင်

ဆီစိမ်းနည်းနည်းထည့်​ပါတယ်​။


Mogok Thu

No comments:

Post a Comment