Thursday, December 13, 2018

ကြက်ဆာတေး


လိုအပ်သောပစ္စည်း

**********

ကြက်ရင်ဘုံသား - ၂စိတ်

Food color - အနည်းငယ်

နံနံစေ့ - တဇွန်း ဟင်းစားဇွန်း

ထန်းလျက် - ၃လုံး

နံနံပင် အရိုးအမြစ် - အနည်းငယ်

ငရုပ်ကောင်း - တဇွန်းလ္ဘက်ဇွန်း

ယိုးဒယားပဲငံပြာရည်  - ၂ဇွန်း

ခရုဆီ - ၂ဇွန်း

နှမ်းဆီမွေး - တစ်ဇွန်း

Curry powder - တဇွန်း

အုန်းနို့ ခရင်မ် - ၅ဇွန်း

ဆာတးတုတ် -အချောင်း၂၀

ပြင်ဆင်ပြုလုပ်နည်း

**********

(၁)ဦးစွာကြက်ရင်ဘုံသားကိုအသားထွင်ပြီးအမြောင်းလေးများလှီးထားပါ။

(၂)လှီးပြီးသားကြက်ကိုအရောင်ဖြင့်နှံ့အောင်နှယ်ပေးပါ။

(၃)နံနံစေ့၊နံနံရိုးအမြစ်၊ငရုပ်ကောင်း၊ထန်းလျက်တို့ကိုညက်အောင်ထောင်းပါ။

(၄)ထောင်းပြီးသားကိုကြက်ငါးထည်းသို့ထည့်ပါ။ပဲငံပြာရည်၊ခရုဆီ၊ဆီမွေး၊အုန်းနို့တို့ကိုထည့်ပြီးအရသာနှံ့အောင်နှယ်ပေးပြီး လေးနာရီ ခန့် အရသာဝင်အောင်ရေခဲသေတ္တာတွင်နှပ်ထားပေးပါ။

(၅)အရသာဝင်ပါကဆာတေးတုတ်ဖြင့်တချောင်းကိုနှစ်ဖက်နှုန်းဖြင့်ထိုးပေးပါ။

(၆)အဆင်သင့်ပါကမီးသွေးမီးဖို၊ Oven သို့ Griller မှာကင်ပေးပါ။ကင်နေစဉ်တွင် အုန်းနို့နှင့်ဆီမွေးကိုသုတ်လိမ်းပေးပါ။

တွဲဖက်ဆော့ပြုလုပ်နည်း

*************

သခွားသီး ၊ကြက်သွန်နီကိုသေးသေးစိတ်ပြီးဆားသကြားရှလကာရည် အရောကိုထည့်ကာအပေါ်မှငရုပ်သီးစိမ်း၊မြေပဲထောင်းဖြူးနံနံပင်တင်ကာချိုချဉ်အရသာဖြင့်တွဲဖက်စားသုံးနိုင်ပါသည်။

Peanut Sauce ပြုလုပ်နည်း

*****************

အိုးသေးသေးတခုတွင်ဆီအနည်းငယ်အပူပေးပြီး red curry pasteတဇွန်းကိုဆီသပ်ကာအုန်းနို့ထည့်ပါ။ထန်းလျက်၂လုံးခန့်ထည့်တည်ပါ။ငံပြာရည်တဇွန်းထည့်ပါအရသာအနေတော်ကမြေပဲလှော်ထောင်းထည့်ပြီးဆူပွက်ပါကတွဲဖက်သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment