Thursday, December 13, 2018

ကြံမဆိုင်ဟင်းချို


 Sour Mustard Pickle with Vegetable Soup


သီးနှံအစုံနဲ့အသားငုံးဥအစုံပါတဲ့ချဉ်ချဉ်မွေးေ မွးဟင်းချိုလေးကိုတော့မြန်မာပြည်မှာကြံမဆိုင်ဟင်းချိုရယ်လို့လူသိများတဲ့ဟင်းတခွက်ဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ညီညွတ်ပြီးအဆီနည်းအားလည်းဖြစ်စေမဲ့ဟင်းတခွက်ကိုစားတော်ဆက်အတော်များများမှာလည်းမှာယူသုံးဆောင်နိုင်ပါတယ်။

ဒီလှပတဲ့ဟင်းလေးတပွဲဖြစ်မြောက်အောင်လိုအပ်တာတွေအစစကူညီပေးခဲ့တဲ့ဆိုဖီယာ့အန်တီကိုလည်းကျေးဇူးတင်ကြောင်းပြောပါရစေ....လွယ်ကူမြန်ဆန်အရသာရှိတဲ့ဟင်းချိုလေးကိုချက်ကြည့်ရအောင်နော်။

ပါဝင်ပစ္စည်း

*********

ကြက်ပြုတ်ရည် - တပန်းကန်လုံး

ကြက်သား - အနည်းငယ်

ငုံးဥ - ၅လုံး

ပဲပြား - တဝက်

မုန်ညင်းဖြူ -တခက်

ပန်းမုန်လာ - အနည်းငယ်

ပန်းစိမ်း - အနည်းငယ်

မုန်လာဥနီ - အနည်းငယ်

ဘိုစားပဲ - အနည်းငယ်

ဆန်ပြားခေါက်ဆွဲ - တစ်ချပ်

ကြံမဆိုင် - ၁၀၀ ဂရမ်

ခရမ်းချဉ်သီး - တစ်လုံး

ရွှေပဲ - ၅တောင့်

ချဉ်စပ်ငရုပ် - တစ်ဇွန်း

ဆား - အနည်းငယ်

ဟင်းခပ်မှုန့် - တစ်ဇွန်း

ကြက်သွန်မိတ် - အနည်းငယ်

ကြက်သွန်ဖြူဆီချက် - အနည်းငယ်

ပြင်ဆင်ပြုလုပ်ပုံ

************

(၁)ဦးစွာကြက်ပြုတ်ရည်တပန်းကန်စာကိုအိုးထဲသို့ထည့်ပါ။(ကြက်ပြုတ်ရည်အစားReadyMake Chicken Stock ကိုသုံးနိုင်ပါတယ်)

(၂)ပါဝင်သောသီးနှံအားလုံးကိုရေဆေးသန့်စင်ပြီးလိုသလိုလှီးဖြတ်ထားပါ။

(၃)ကြက်သားကိုသေးသေးစိတ်ထားပြီးငုံးဥကိုသီးသန့်ပြုတ်ကာအခွံသင်ထားပါ။

(၄)ရေဆေးသန့်စင်ထားသောသီးနှံကြက်သားငုံးဥပဲပြားကြံမဆိုင်တို့ကိုကြက်ပြုတ်ရေတွင်ထည့်တည်ပါ။

(၅)ဆန်ပြားကိုအနေတော်အပြားလှီးပြီးဆူပွက်နေသောဟင်းချိုအိုးတွင်ထည့်ပါ။

(၆)ဆားနှင့်ဟင်းခပ်မှုန့်ထည့်ပြီးအရသာအပေါ့အငံမြည်းပါ။

(၇)သီးနှံကျက်ပါကမီးပိတ်ကာပန်းကန်တွင်ထည့်ပါ။အပေါ်မှကြက်သွန်မြိတ်နှင့်ကြက်သွန်ဖြူဆီချက်အနည်းငယ်ထည့်ကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။

❀❀သီးနှံများဝါပြီးပျော့မသွားစေရန်အတွက်ဟင်းချိုအိုးပွက်ကာသီးနှံကျက်ပါကမီးပိတ်ပြီးမီးဖိုမှချပါ။

❀❀ကြံမဆိုင်ဖတ်တွင်အငံပါပြီးသားဖြစ်၍ဆားကိုလိုအပ်မှသာဖြည့်စွက်ပေးပါ။

............

Sofia

No comments:

Post a Comment