Chicken and Mint Salad
ရိုးရိုးလေးနဲ့မြန်မြန်ဆန်ဆန်ပြင်ဆင်နိုင်ပြီးထမင်းမြိန်စေမဲ့ပူရှိန်းရှိန်းပူစီနံကြက်သားသုပ်လေးဘဲဖြစ်ပါတယ်။သုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
*******
ကြက်သား -ရင်ဘုံတစ်ခြမ်း
ကြက်သွန်နီ -တလုံး
ပူစီနံ - ခြွေပြီးလက်တစ်ဆုပ်
ခ၇မ်းချဉ်သီး သို့ င၇ုပ်ပွအနီ - တစ်ခြမ်း
ကြက်သွန်ဖြူ -၂မြောင်း
င၇ုပ်သီးစိမ်း - ၃တောင့်
သံပုရာသီး - တစ်လုံး
ငံပြာရည် -တစ်ဇွန်း စားပွဲတင်
ပဲငံပြာ၇ည် အကြည် - ဇွန်းတစ်ဝက်
ငရုပ်သီးအလှော်မှုန့် - တစ်ဇွန်း
သကြား - တစ်ဇွန်း
ပြင်ဆင်ပြုလုပ်နည်း
***********
(၁)ကြက်ရင်ဘုံကိုရေဆေးသန့်စင်ပြီးဆားင၇ုပ်ကောင်းနှင့်ဆီအနည်းငယ်လူးကာovenတွင်၁၅မိနစ်ခန့်ကင်ပါ။သို့မဟုတ်ပေါင်းထားပြုတ်ထားပါ။လိုသလိုအမြောင်းလေးများစိတ်ထားပါ။
(၂)ကြက်သွန်နီကိုပါးပါးစိတ်ထားပါ။ပူစီနံကိုအ၇ွက်ခြွေထားပါ။ငရုပ်
ပွသို့ခ၇မ်းချဉ်သီးစိတ်ထားပါ။ပါဝင်ပစ္စည်းများအားလုံးကိုလှီးပြီး ဇလုံတခုတွင်ထည့်ထားပါ။
(၃)ပန်းကန်တစ်လုံးတွင်ကြက်သွန်ဖြူနုတ်နုတ်စင်း၊င၇ုပ်သီးသေးသေးစိတ်၊ငံပြာရည်၊ပဲငံပြာ၇ည်၊သံပုရာရည်၊သကြားတို့ကိုထည့်ပြီးသမအောင်မွေထားပါ။
(၄)ပြီးလျှင်ကြက်သားထည့်ထားသောဇလုံတွင်လောင်းထည့်ကာသမအောင်မွေပေးပြီးအရသာအပေါ့အငံမြည်းကာပန်းကန်တွင်တည်ခင်းပြီးင၇ုပ်သီးအလှော်မှုန့်ဖြူးကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။
Sofia
No comments:
Post a Comment