ပါဝင်ပစ္စည်းများ
ငါးကြင်းခေါင်း ၂ခေါင်း(ရေဆေးသန့်စင်ထားပါ)
ငုံးဥ ၁၀လုံး(ပြုတ်ထားပါ)
ငါးဖယ် ၅ကျပ်သား
ကြက်ဥအကာ ၁လုံး
ဂျုံမှုန့် ၂ဇွန်း(စားပွဲတင်)
ကောက်ရိုးမို ၅ကျပ်သား
မိုခြောက် ၁ကျပ်သားခန့်
မုန်လာဥနီ ၁တောင့်
ပန်းပွင့် (၁)ဝက်
မုန်လာထုပ် (၅)ဖတ်
ပဲပြား ၁တုံး
ရှမ်းနံနံ ၄ပင်
စပါးလင် ၁ပင်
ဂျင်း လက် (၁)ဆစ်
ကြက်သွန်ဖြူ ၁မွှာ
ခနောချဉ်စပ်ခဲ ၁ခဲ
မျှစ်(မိုး)သေး ၁ထုပ်
ငရုတ်ပုထောင်း အနည်းငယ်
ငံပြာရည်
ကြက်သားမှုန့်
နှမ်းဆီးမွှေး
ငရုတ်စိမ်း
သံပုရာ
ပြုလုပ်နည်း
ငါးခေါင်းကို ရေဆေးထားပါ။ ကြက်သွန်ဖြူ၊ ဂျင်းထောင်း ထားပါ။ မုန်လာဥ၊ ပန်းပွင့်၊ မုန့်ညှင်းထုပ်၊ ပဲပြား၊ မို တို့ကို ရေစင်စင် ဆေးပြီး လှီးထားပါ။
ငါးဖယ်လုံး လုပ်ရန် ငါးဖယ်ကို ဓား (သို့) ငရုတ်ဆုံဖြင့်ထောင်း ထားပြီး ကြက်ဥ အကာ၊ ဂျုံမှုန့် ၊ ဆား၊ သကြား၊ နှမ်းဆီမွှေးကြက်သွန်ဖြူ ဂျင်းရည် တို့ဖြင့် စေးအောင်ပြန်နယ်ပြီးထားပါ။
မျှစ်ကို တစ်ရည် ပြုတ်ပြီး သွန်ပစ်ပါ။ အနေတော် လှီးထားပါ။
ဆီအနည်းငယ် ထည့်၍ နနွင်းထည့်ပါ။ ထောင်းထားသော ကြက်သွန်ဖြူ ၊ ဂျင်း ၊ ဓားပြား ရိုက်ထားသော စပါးလင်ထည့်ပါ။ ရဲခါနီးလျှင် ငရုတ်ပုထာင်း အနည်းငယ် ထည့်ပါ။ ငါးခေါင်းထည့်ပါ။ ငံပြာရည် ထည့်၍ မွှေကာ ရေခန်းသည် အထိထားပါ။
ရေခန်းလျှင် ရေထပ်ထည့်၍ တည်ပါ။ ဆူပြီးလျှင် ငါးဖယ်ကို လုံး၍ ထည့်ပါ။
ငါးဖယ်ပေါ်၍ ခဏနေလျှင် မျှစ်၊ မို၊ ပဲပြား၊ ငုံးဥ၊ ဥနီ၊ ပန်းပွင့်၊ မုန်လာထုပ် ထည့်ပါ။
ခနော ချဉ်စပ်ခဲ ထည့်ပါ။ ငံပြာရည်၊ ကြက်သားမှုန့် တို့ဖြင့် အရသာပြင်ပါ။
ပွက်ပွက်ဆူပြီး အရသာ အနေတော်ြ ဖစ်လျှင် ရှမ်းနံနံ ငရုတ်စိမ်း ထည့်ပါ။
ချကာနီး သံပုရာသီး ၁စိတ်လောက် ညှစ်ထည့်ပါ။
Credit : ချက်ကြည့်ကြစို့
No comments:
Post a Comment