မရမ်းသီး၅ကျပ်သား
ကြက်သွန်နီ၈လုံး
ကြက်သွန်ဖြူ ဥသေး၃ဥ
ငရုတ်သီးအပုတောင့်
ငရုတ်သီးခွဲခြမ်းဟင်းဇွန်း၁(စပ်စပ်စားလိုလျှင်)
ဆီ၅ကျပ်သား
မျှင်ငပိဟင်းဇွန်း၁ဇွန်းရေနွေးနဲ့ဖျော်ထားပါ
ပုဇွန်ခြောက်ဟင်းဇွန်း၃ဇွန်း
အရင်ဆုံးရေနည်းနည်းနဲ့ဆားဟင်းဇွန်းတဝက်ကိုရေဖျော်ထားပါ
ဆားရေဖျော်ထားတဲ့အထဲကိုမရမိးသီးပါးပါးလှီးထည့်ပြီးစိမ်ထားပါ
ရေအများကြီးမထည့်ပါဘူး
မရမ်းသီးလှီးထားတာတွေအရည်စပ်စပ်လေးဖြစ်နေရင်ရပါပြီ
ပြီးရင်ငရုတ်သီးနဲ့ကြက်သွန်နီကိုစီးနေအောင်ထောင်းပြီးမှကြက်သွန်ဖြူမညက်တညက်ထည့်ထောင်းပါ
ပုဇွန်ခြောက်လဲထောင်းထားပါ
ကြော်ပါမယ်
ဆီပူလာရင်ငရုတ်သီးဆီသပ်ပါ
ဆနွင်းအနည်းငယ်ထည့်ပါ
မွှေးပြီးအရောင်ပြောင်းလာရင်ပုဇွန်ခြောက်ထည့်ပါ
ပုဇွန်ခြောက်လဲမွှေးလာရင်စပ်ချင်ရင်ငရုတ်သီးခွဲခြမ်းထည့်ပြီးမစပ်ချင်ရင်မထည့်ပါနဲ့
ပြီးရင်ငပိကိုစစ်ထည့်ပါ
ငပိနံ့ပျောက်ပြီးမွှေးလာရင်မရမ်းသီးထည့်ပါ
အရသာထည့်ပါ
မရမ်းသီးနွမ်းပြီးပျော့ပျော့ပျောင်းပျောင်းဖြစ်လာပြီအရသာလဲမှန်ပြီဆိုရင်ဆီပြန်အောင်ထားပြီးအရသာရှိတဲ့ရာသီစာမရမ်းသီးကြော်
ရပါပြီရှင်
Credit : Pan Kankayae
No comments:
Post a Comment