Thursday, December 13, 2018

သင်္ဘောသီးထောင်း


 Papaya Salad

ပါဝင်ပစ္စည်း

******

သင်္ဘောသီးခြစ်ပြီးသား - တစ်ပွဲစာ

မုန်လာဥနီ - အနည်းငယ်

ကြက်သွန်ဖြူ - ၂ မြောင်း

ငရုပ်စိမ်း - ငါးတောင့်

ထန်းလျက် -၂လုံး

ပဲတောင့်ရှည် - ၂ တောင့်

ခရမ်းချဉ်သီး - တစ်ခြမ်း

ငံပြာရည် - ၂ဇွန်း စားပွဲတင်ဇွန်း

သံပုရာရည် - ၂ဇွန်း

ပုဇွန်ခြောက် - ၂ဇွန်း

မြေပဲဆန် - ၂ဇွန်း

တွဲဖက်ပေးရန်

*******

ဂေါ်ဖီ

ပဲတောင့်ရှည်

ကန်စွန်းရိုးအနီ

ပြင်ဆင်ပြုလုပ်နည်း

**********

(၁)သဘောင်္သီးစိမ်းကိုအခွံသင်ပြီးခြစ်ပါ။မုန်လာဥနီရောခြစ်ထားပါ။

(၂)ပြီးလျှင် ရေဆေးပြီးရေစင်အောင်ညစ်ထားပါ။

(၃)ပဲတောင့်ရှည်ကို ၂လက်မအရှည်ဖြတ်ထားပါ။ခရမ်းချဉ်သီးကိုအမြောင်းကြီးကြီးလှီးထားပါ။

(၄)ဦးစွာဆုံတွင် ကြက်သွန်ဖြူ ၊ ငရုပ်သီး ထည့်ထောင်းပါ။

(၅)ထန်းလျက်ထည့်ထောင်းပါ။ ပဲတောင့်ရှည်တဝက်ထည့်ထောင်းပါ။

(၆)မြေပဲလှော်ထည့်ပါ။လုံးခြမ်းကွဲအနေထောင်းပါ။

(၇)ပုဇွန်ခြောက်၊ခရမ်းချဉ်သီးထည့်ပြီးနွမ်းရုံလောက်ထောင်းပါ။

(၈)သံပရာရည်နှင့်ငံပြာရည်ထည့်ပါ။အရသာအပေါ့အငံမြည်းပါ။

(၉)ရေညစ်ထားသောသင်္ဘောသီးသီးကိုထည့်ပြီးသမအောင်မွေပေးပါ။

(၁၀)အရသာချိုချဉ်စပ်ရပါပန်းကန်တွင် ဂေါ်ဖီ ၊ ပဲတောင့်ရှည်၊ကန်စွန်းရိုးနီ (ရှိလျှင်)တို့ဖြင့်တွဲဖက်ပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment