Tuesday, December 11, 2018

ဆန်ပြားကော်ရည်

ဆန်ပြားကို ကော်ရည်လေးထည့်ပြီး ကြော်ထားတာပါ။ အရမ်းစားကောင်းပြီး စားမြိန်စေမည့် ဆန်ပြားကြော်လေးပါ။


ပါဝင်သောပစ္စည်းများ

၁။ ဆန်ပြား - ၅ ပွဲစာအတွက်

၂။ ပုဇွန် - ၂၅ ကျပ်သား

၃။ ခရုဆီ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း

၎။ ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း

၅။ သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း ခွဲ

၆။ မုန် ညှင်း - တစီး

၇။ ပဲငံပြာရည် - ထမင်းစားဇွန်း ၁ ဇွန်း

၈။ ကြက်ဥ - ၂ လုံး (ခလောက်ထားပါ။)

၉။ ဆီ - ထမင်းစားဇွန်း ၂ ဇွန်း (သို့ ) ၃ ဇွန်း

၁၀။ ပြောင်းဖူးမှုန့် - ထမင်းစားဇွန်း ၂ ဇွန်း

၁၁။ ရေ - ၁ ခွက်

၁၂။ ငရုတ်ကောင်းမှုန့် - အနည်းငယ် (မထည့်လဲရ)

၁၃။ ကြက်သွန်ဖြူ - ၂ တက်


ပြုလုပ်နည်း

၁။ပန်းကန်တခုထဲတွင် ရေ၊ ကြက်သားမှုန့် ၊ သကြား၊ ပဲငံပြာရည်၊ ခရုဆီ၊ ပြောင်းဖူးမှုန့် တို့ ကိုထည့်ရ်ျ သမသွားပြီ ပြောင်းဖူးမှုန့် အရည်ပျော်သွားသည်အထိမွှေပါ။

၂။ ဒယ်အိုးထဲတွင် ဆီ ထမင်းစားဇွန်း ၂ ဇွန်း ထည့်၊ ဆီပူလာလျှင် ခလောက်ထားသော ကြက်ဥကို ထည့်ကြော်ပါ။ ကြက်ဥကို မွှေကြော်ကြော်ပြီး ပန်းကန်တခုထဲတွင် ထည့်ထားပါ။

၃။ ကြက်ဥကြော်ထားသော ဒယ်အိုးထဲတွင် ဆီ ထမင်းစားဇွန်း ၂ ဇွန်း ထပ်ထည့်ပြီး အပူပေးပါ။ ဆီပူလာလျှင် ကြက်သွန်ဖြူ ဆီသတ်ပါ။ 

၎။ ပြီးနောက် ပုဇွန်ကို ထည့်မွှေပါ။ ပုဇွန် ကျက်လျှင် မုန်ညှင်းရွက်ကို ထည့်ပါ။ ထို့ နောက် ပြောင်းဖူးမှုန့် အရည်ဖျော်ထားတာကို ထည့်ပါ။ အပေါ့ အငံမြည်းရ်ျ ကော်ရည်များသမသွားအောင်မွှေပါ။

၅။ အိုးကို မီးဖိုပေါ်မှ ချရ်ျ ဆန်ပြား နှင့် ကြော်ထားသော ကြက်ဥတို့ ကို ထည့်ရ်ျ သမအောင်လုပ်ပါ။ (ဆန်ပြားများ ကြေမသွားအောင်ဖွဖွလေးမွှေပါ။) ထို့ နောက် ငရုတ်ကောင်းထည့်ပါ။ သုံးဆောင်နိုင်ပါပြီ။ 

( အခြား ကြိုက်နှစ်သက်ရာ ပင်လယ်စာများကိုလဲ ထည့်နိုင်ပါသည်။)

( ၁ ခွက် = 240ml = ရိုးရိုးကော်ဖီခွက် ၁ ခွက်) ( ထမင်းစားဇွန်း = 1 tablespoon = 15 ml) ( လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)


Credit

No comments:

Post a Comment