Thursday, December 13, 2018

ပြောင်းဖူးကင်


Baked Sweet Corn

ထိုင်ဝမ်ပြောင်း ကို အခွံတင် ရေ ဆေးသန့်စင်ပြီး အကွင်း လိုက် ဖြတ်ပါ ခု လုပ် ထားတာ လေးက ထိုင်ဝမ်ပြောင်း အဖြူ ရောင် ပါ အဖြူက အဝါထပ် ပိုနူးညံ့ပါတယ် ပို လည်း ချိုပါ တယ်

ဘမ်းတခုတွင် ထည့်ပြီး ဆား ၊သံလွင်ဆီ၊ ငရုပ်ကောင်း ၊ Cajun Spice တို့ဖြင့် သေချာ အရသာ နှံ့ အောင် နယ် ပြီး oven တွင် ၂၀၀ ဒီကရီဖြင့် မိနစ် သုံးဆယ် ဖုတ် ပါ ဆယ် မိနစ်တခါလောက် အပြင် ထုတ်ပြီး ပေါင်းဖူးကိုလှည့် ပေးပါ ဆီခြောက် သွားပါက မတူးအောင် သံလွင်ဆီ ထပ် လိုက် ပေးပါ

ပြောင်းဖူးကျက်မကျက်မြည်းကြည့်ပြီး အအေးခံသုံးဆောင် နိုင်ပါပြီ 

oven မှာ ဖုတ် တဲ့ အတွက် အချို အရသာ လည်း လျော့မသွားဘဲ spice အနံ့ သင်းသင်းနဲ့ စားလို့ အလွန် ကောင်းပါ တယ်

No comments:

Post a Comment