ဝက်သား ၂၀သား
ငါးဖယ် ၁၅သား
ဝက်ရိုး/ကြက်ရိုး အနည်းငယ်
ငုံးဥ ၁၅လုံး
ဂျုံမှုန့် ၇ဇွန်း
အူမကြီး ၂၀သား
အူချို ၁၅ကျပ်သား
ဦးနှောက် ၂လုံး
အသည်း ၁၀သား
ကြက်ဥ ၃လုံး
မုန့်ညင်းစိမ်း ၂ပင်
ကြက်သွန်မိတ် ၇ပင်
ပဲပြား ၁ပြား
ဆန်ကြာဇံ ၂၅သား
ညှပ်ပြားကြီး ၅၀သား
ဆား အနည်းငယ်
သကြား ။
ငရုတ်ကောင်း ။
နှမ်းဆီမွှေး ။
ပဲငံပြာရည်အပျစ် ။
။ အကြည် ။
ကြက်သားမှုန့် ။
အချိုမှုန့် ။
ကြက်သွန်ဖြူ ။
ဂျင်း ။
- အရိုးများကို ရေဆေးပြီး ပြုတ်ပါ။ဆူလာလျှင် သွန်ပြစ်ပြီး ရေထပ်
ထည့်၍ ဆား၊သကြား၊ကြက်သွန်ဖြူ ၂မွှာ ဓားပြားရိုက်ပြီး ပြန်တည်
ပါ။ကြာကြာတည်ပါ။
- ငါးဖယ်ကိုအရိုးစစ်ပြီး ရိုက်ထားပါ။ကြာဇံကိုရေစိမ်ထားပါ။ဆန်ပြား
ကိုညှပ်ထားပါ။
- ဝက်သားလုံး
ဝက်သားကိုနုတ်နုတ်စင်းပြီးကြက်သွန်ဖြူ၊ဂျင်းထောင်းရည်ဆား၊သကြား၊ငရုတ်ကောင်း၊ဂျုံမှုန့် ၂ဇွန်းခွဲ၊နှမ်းဆီမွှေး၊ကြက်ဥအကာ၊ငါးဖယ်
၁၀သားဖြင့်နှံ့အောင်ရောနယ်ကာရေခဲသေတ္တာထဲထည့်၍၁နာရီခန့်နှပ်ထားပါ။(ကြက်သားကိုလဲဒီအတိုင်းပြုလုပ်ပါ။)
- ငါးဖယ်လုံး ငါးဖယ်၅ကျပ်သားကိုကြက်သွန်ဖြူ၊ဂျင်းထောင်းရည်ဆား၊သကြား၊ငရုတ်ကောင်း၊ဂျုံမှုန့်၎ဇွန်းခွဲ၊နှမ်းဆီမွှေး၊ကြက်ဥအကာတို့ဖြင့်ရောနယ်ကာနှပ်ထားပါ။
- အူမကြီးကို အိုးပူပူတွင်ကပ်၍အချွဲများကုန်အောင်လုပ်ပါ။ဆားနှင့်
နယ်ဆေးပါ။အူချို အသည်း ဦးနှောက်တို့ကို ရေဆေး၍ အူမ အူချို
ကို ဆား ကြက်သွန်ဖြူ/ဂျင်း ဓားပြားရိုက်ထည့်ပြီးနူအောင်တည်ပါ။
ဦးနှောက်နှင့် အသည်းကို သတ်သတ်ခွဲပြုတ်ပါ။လှီးထားပါ။
- ငုံးဥကိုပြုတ် ပဲပြားတုံး မုန့်ညင်းရွက် ကြက်သွန်မိတ်ကို ရေစင်စင်
ဆေး၍ လှီးထားပါ။
- ကြက်သွန်ဖြူကိုထောင်း၍ ဆီချက်ချက်ထားပါ။
- ဝက်သားလုံး ငါးဖယ်လုံးများကို ရေဆူဆူမှာထည့်ပြုတ်ထားပါ။
ကြေးအိုး
အိုး၁လုံးထဲသို့အသားပြုတ်ရည်ထည့်ပါ။ဆူလျှင် ကြာဇံ ဝက်သား
ကလီဇာများငုံးဥ၊ပဲပြားထည့်ပါ။အရသာထည့်ပါ။ဆန်ပြားထည့်ပါ၊ရေဆူပြီးအရသာအနေတော်ဖြစ်လျှင်မုန့်ညင်းစိမ်း၊ကြက်သွန်မိတ်၊ငရုတ်ကောင်း၊နှမ်ဆီမွှေးထည့်ကာရပါပြီ။
ကြေးအိုးဆီချက်
ကြာဇံ၊ဆန်ပြား၊မုန့်ညင်းစိမ်းရေဆူဆူမှာပြုတ်ပြီးရေစစ်ပါ။ဇလုံး၁ခုထဲသို့ထည့်၍အသား၊ပဲပြား၊ကလီဇာ၊ဆီချက်ကြက်သားမှုန့်၊ပဲအကြည်ရည်ထည့်ရောနယ်ပါ။အရသာအနေတော်ဖြစ်လျှင် ကြက်သွန်
မိတ်ဖြူကာရပါပြီရှင်။
အသားများကို တစ်ခါထဲမပြုတ်ပဲဆိုင်မှာလို ၁ပွဲ ချင်းဆီပြင်လဲရပါ
တယ်ရှင်။
Credit : ချက်ကြည့်ကြစို့
No comments:
Post a Comment