ပါဝင်ပစ္စည်းများ
••••••••••••••••••••••••••••
- ၀က်သား ( နုပ်နုပ်စဉ်း )
- သာကူ အစိမ်းရောင် ( city mart က သာကူအစိမ်းထုပ်နဲ့ပဲ လုပ်ထားတာပါ အထုပ်ဓါတ်ပုံရိုက်ဖို့မေ့သွားလို့ :-D )
- မြေပဲ ကြိတ်ပြီးသား ( အမှုန့်ဖြစ်တဲ့ထိမဟုတ်ပဲ အစံလေးတွေကျန်အောင်ကြိတ်ထားပါနော် )
- ထန်းလျက်
- ကြက်သွန်နီ
- ငှက်ပျောရွက်
- ဆီ
- ပဲငံပြာရည် အကြည်
- ဆား
(အလှဆင်ရန်အတွက်
- ကြက်သွန်ဖြူကြော်
- ငြုပ်သီးစိမ်း )
ပြုလုပ်နည်း
- သာကူများကို အနည်းဆုံး နာရီဝက်ခန့် ရေစိမ်ထားပါ
- ဒယ်အိုးထဲသို့ ဆီနှင့် ကြက်သွန်နီ ထည့်ပြီး ညိုလာသည်အထိကြော်ပါ
- ၀က်သား နှင့် ထန်းလျက် ( ခြေပြီးသား ) များပါထည့်၍ ပျစ်လာသည်ထိမွှေပါ
- ရေအနည်းငယ်ပဲကျန်လျှင် မြေပဲ,ဆား, ပဲငံပြာရည်ထည့်ပြီး ရေခမ်းသည်ထိချက်ပါ
- ရေခမ်းလျှင် ကြော်ပြီးသားများကို အအေးခံထားပါ
- ရေစိမ်ထားသည့် သာကူများကို ရေစစ်ပြီး အနေတော်ခန့်ယူကာ လက်ဝါးပေါ်ဖြန့်ထည့်ပြီး အလယ်တွင် ၀က်သားကြော်ပြီးသားများထည့်ပြီး လုံးထားပါ
( အသားကိုအနေတော်ပဲထည့်ပါနော် အလုံးကြီးရင် စားလို့သိပ်မကောင်းတော့ပဲ ကြည့်ရလည်းတော်တော်ဆိုးသွားတတ်လို့ပါ :-D. )
- ငှက်ပျောရွက်ကိုပုံပါအတိုင်း အမြှောင်းများလုပ်ထားပြီး ဆီသုတ်ထားပါ
- သာကူလုံးလေးများကို ဆီသုတ်ထားတဲ့ ငှက်ပျောရွက်ပေါ်တင်ပြီး ပေါင်းအိုးထဲတွင် ၁၅ - ၂၀ မိနစ်ခန့် သို့ သာကူများအရောင်ကြည်လာသည်အထိပေါင်းပါ
- ကျက်ပြီးသားသာကူလုံးများကို ဆီသုတ်ထားတဲ့ ပန်းကန် သို့ ငှက်ပျောရွက်ပေါ်တင်ပြီး ကြက်သွန်ကြော် ဖြူး ကာ သုံးဆောင်နိုင်ပါပြီ ✌ ✌ (^_^)
Crredit : Everyone Can Cook Page
No comments:
Post a Comment